About

Thursday, July 23, 2015

ဝင်းဒိုးတင်မတက်သေးတဲ့သူငယ်ချင်းတွေအတွက် Window 8 တင်နည်း

မင်္ဂလာပါဒီနေ့ကျွန်တော်တင်ပေးလိုက်တာကတော့ဝင်းဒိုးတင်မတက်သေးတဲ့သူငယ်ချင်းတွေအတွက် Window 8 တင်နည်းလေးပါ။ မူရင်း  လင့်ဒီမှာ



ယ္ခု ကျွန်တော် တင်ပေး လိုက်တဲ့ ပို့စ်သည် သိပြီးသား သူတွေ အတွက် အခက်ကြီး မဟုတ် ပေမဲ့
လေ့လာကာစ ညီအကိုတွေ အတွက်ကတော့ လုံးဝ အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။

Window 8 တွင် ရိုးရိုး ဗားရှင်း အားလုံးကို Install လုပ်နည်း ကိုသာ အများနားလည် လွယ်အောင်
လို့အရိုး ရှင်းဆုံး ဖြစ်အောင် ပုံလေးတွေနဲ့ တကွ အသေးစိပ် ရှင်းပြသွားမှာ ဖြစ်ပါတယ်။ Windows
8.1 ဆိုင်ရာ Install လုပ်နည်းကိုတော့ သီးခြားပို့စ် တစ်ခုအနေနဲ့ အကောင်းဆုံး ရှင်းပြသွားဖို့ ရှိပါ
တယ်။

သင့်ရဲ့ အရေးကြီးတဲ့ Data File များကို အရင် ဦးဆုံး Backup လုပ်ထားပါ

ဟုတ်ပါတယ် သင့်ရဲ့ ကွန်ပျူတာကို Windows အသစ် တစ်ခု တင်တော့မယ် ဆိုရင် ပထမဆုံး သင်
လုပ်ရမယ့် အရာကတော့ သင့် ကွန်ပျူတာမှာ သိမ်းဆည်း ထားတဲ့ အရေးကြီးတဲ့ Data File များကို
Backup ပြုလုပ် ထားရပါမယ်။ ဒီနေရာ မှာလည်း သင့်မှာ ကွန်ပျူတာက အသစ်ဝယ် ခါစပဲရှိသေး
တယ် ဆိုရင်တော့ အရေးကြီးတဲ့ Data File များ မရှိသေးတဲ့ အတွက် Backup ပြုလုပ်စရာမလိုအပ်
ပါ၊ ကွန်ပျူတာ အသုံးပြုနေဆဲ ဥပမာ-Windows 7 စသည်ဖြင့် အသုံးပြုနေဆဲကနေ Windows 8
ကို Upgrade ပြုလုပ်တော့မယ် ဆိုရင်တော့ Data File များကို ပျက်စီး ဆုံးရှုံး မသွားရအောင် Back
up ပြုလုပ် ထားသင့်ပါတယ်။

ဥပမာ = သင့်ရဲ့ အရေးကြီးတဲ့ Data File များကို Backup ပြုလုပ်တော့ မယ်ဆိုရင်တော့ External
Hard Disk အလွတ် တစ်ခုနဲ့ သိမ်းဆည်းတာမျိုး၊ သို့တည်း မဟုတ် ကွန်ပျူတာရဲ့ Partition ထဲ
တွင် D Drive မျိုးမှာ ဖြစ်ဖြစ်၊ DVD အလွတ် တစ်ခုမှာပဲ ဖြစ်ဖြစ် Backup ပြုလုပ် တာမျိုးပါ။

Windows 8 တင်နည်းကို စတင်ခြင်း

သင့်မှာ အသင့်ရှိနေတဲ့ Windows DVD အခွေဆိုရင် Hard Drive သို့ထည့်လိုက်ပါ၊ သို့မဟုတ်
Windows USB Flash Drive ဆိုရင်တော့ ကွန်ပျူတာမှာ ထိုးလိုက်ပါ၊ ပြီးတာနဲ့ ကွန်ပျူတာကို
Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ F2 ကိုနှိပ်ထားပါ၊ Delete နှိပ်ရင်လည်းရပါတယ်။

ဒီနေရာမှာ ကျနော် တစ်ခုပြောချင်တာက ကွန်ပျူတာအမျိုးအစားအရ Boot Device ကိုရွေးတဲ့
Key တွေလည်း ကွဲပြားခြားနာကြတယ်ဆိုတာကိုပါ၊ ဥပမာ-Acer ကွန်ပျူတာတွေ အတွက် F2
ကိုနှိပ်တာမျိုး၊ HP ကွန်ပျူတာဆိုရင် Esc ဆိုတဲ့ Key ကိုနှိပ်ပြီး Boot Device ကိုရွေးရတာမျိုးက
တော့ ရှိတတ်ကြပါတယ်။

Restart ချပြီးလို့ စက်ပြန် တက်လာ တာနဲ့ F2 ကို နှိပ်ပြီးလို့ First Boot Drive မှာ Windows က
DVD ကနေ တင်ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB
Flash Drive ကနေတင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါ
တယ်။

Boot Option ထဲကိုဝင်ပြီး Rom မရွေးတတ်တဲ့ ဘော်ဒါတွေကတော့ F12 ကိုနှိပ်ထားပြီး၊ တင်
ယူမယ်ဆိုရင်တော့ CD & DVD Rom ကိုရွေးပေးရမှာဖြစ်ပါတယ်။ USB Flash Drive ကနေ
တင်ယူတာဆိုင်ရင်တော့ USB CD & DVD Rom ရွေးပြီးတစ်ခါတည်း တန်းတင်ယူနိုင်ပါတယ်။

Boot Device ရွေးပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာခဲ့ရင် မိနစ်အနည်းငယ်စောင့်နေလိုက်ပါ



မိနစ် အနည်းငယ် ကြာပြီးလို့ အောက်က ပုံအတိုင်း ပြနေခဲ့ ရင်တော့ မိမိ အသုံးပြု လိုတဲ့
Language & Input Keyboard နေရာမှာ English USA ကိုအဓိက ထားပြီး အသုံးပြုနေ
ကြတာဖြစ်လို့ ဘာမှ လုပ်စရာ မလိုတော့ပဲ Next ကို နှိပ်ပေးလိုက်ပါ။



Next Bottom ကို နှိပ်လိုက်ပြီးလို့ အောက်က ပုံအတိုင်း Windows Setup Screen ပေါ်နေပါလိမ့်
မယ်။ Install Now ဆိုတာကို နှိပ်လိုက်ပါ။



Install Now Bottom ကို နှိပ်လိုက် ပြီးလို့ အောက်က ပုံအတိုင်း Setup is Starting ဆိုပြီး ပြနေ
ပါလိမ့်မယ်။



အချိန် အနည်းငယ် ကြာပြီးလို့ အောက်က ပုံအတိုင်း Software license agreement wizard ပြနေ
ပါလိမ့်မယ်။

I accept the license term လို့ ပြနေတဲ့ လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကို နှိပ်ပေး
လိုက်ပါ။



Next ကို နှိပ်ပြီးလို့ အနည်းငယ် ကြာတဲ့ အခါ အောက်ကပုံ အတိုင်းပြနေ ပါလိမ့်မယ် ဒီနေရာ
မှာ ကျနော်တို့က Windows ကိုအသစ်တင်ယူမှာ ဖြစ်တာမို့ Custom အနေဖြင့် တင်ရပါမယ်၊
Custom ကိုသာ ရွေးပေးလိုက်ပါ။

(တကယ်လို့ သင်ဟာ အရင်ရှိပြီးသား Windows အဟောင်း အပေါ်မှာဘဲ Windwos 8 ကိုတင်
ချင်တယ်ဆိုရင်တော့ Upgrade install ဆိုတာကို ရွေးပေးလိုက်ပါ)



လောလောဆယ် ကျွန်တော့် ကွန်ပြူတာက အသစ်မို့လို့ Partition တစ်ခုပဲ ရှိပါသေးတယ်
ဒီလိုမျိုး တစ်ခုတည်း Partition မှာ ဆိုရင်တော့ Next ကိုသာ နှိပ်ပြီး တင်ပေးလိုက်ရုံပါဘဲ။



ဒီလိုမှမဟုတ် သင့်ကွန်ပြူတာမှာ Partition များနေခဲ့ရင်တော့ ဘယ် Partition မှာ သွင်းမှာလည်း
ဆိုပြီးအောက်က ပုံအတိုင်း မြင်နေရရင်တော့ မိမိ Install လုပ်လိုတဲ့ Partition ကို ကလစ် တစ်
ချက် နှိပ်ပြီးတင်ယူလို့ ရပါတယ်။

ဒီနေရာမှာ ပြောစရာတစ်ခု ရှိပါတယ်။ windows အသစ်တစ်ခုတင်ပြီ ဆိုရင် ပထမ မိမိမှာ ရှိနေပြီး
သား windows အဟောင်းကို Format လုပ်ပြီးမှ တင်ယူရပါမယ်။ တကယ်လို့ Format မလုပ်ဘဲ
တင်ခဲ့ရင် တော့ windows က နှစ်ခု ဖြစ်နေ ပါလိမ့်မယ်။

Format လုပ်ဖို့ရန် Drive Options (Advanced) ဆိုတာကို နှိပ်ပါ။ ပြီးတော့ Format & Delete ဆိုပြီး
စာသားတွေကို တွေ့ရ ပါလိမ့်မယ်။ အဲဒီထဲမှာ Format ဆိုတာကို နှိပ်ပြီး windows အသစ် တင်ယူ
မဲ့Partition ကို Format လုပ်ရမှာ ဖြစ်ပါတယ်။ Format ဆိုတာကို နှိပ်လိုက်ပါ။ ပရိုဂရမ် တစ်ခု ပေါ်
လာပါလိမ့်မယ်။ Format တကယ် လုပ်မှာလားလို့ မေးပါလိမ့်မယ်။ Yes ကို နှိပ်ပေး လိုက်ပါ။

( Format ချတဲ့ အခါမှာ အထူး သတိထားပါ မိမိ Foarmat လုပ်မိတဲ့ Partition က မမှား ပါစေနဲ့)

Windows တစ်ခုမှာ ပုံမှန်အတိုင်ဆိုရင်တော့ Windwos C Drive & Windwos D Drive ဆိုပြီး အ
ခန်းခွဲပြီး အသုံးပြုကြတာ များပါတယ်။ Windows D Drive အခန်းမှာတော့ ကိုယ်ပိုင် Data ဖိုင်တွေ
သိမ်းဆည်းထားရာ နေရာဖြစ်နေသည့် အတွက် Windows တင်ဖို့ရန် Format လုပ်တဲ့ အခါမှာ မှား
လုပ်မိရင် မိမိရဲ့ ကိုယ်ပိုင် Data ဖိုင်တွေ ပျောက်ပျက် သွားမှာ ဖြစ်ပါတယ်။ Windows တင်ယူရမဲ့
အခန်းဟာWindows C Dirve အခန်းသာ ဖြစ်ရပါမည်။ ဒါကြောင့်မို့ Windows C Drive အခန်းကို
သာ Format လုပ်ရမှာ ဖြစ်ပါတယ်။



Partition ကို Format ချပြီးသွားရင်တော့ Next ကို နှိပ်ပေးလိုက်ပါ အောက်က ပုံလေး အတိုင်း
ဖြစ်နေခဲ့ရင်တော့ Windows File တွေကို မိမိရဲ့ ကွန်ပြူတာ Hard Dirve သို့ Copy လုပ်ပြီး
Windows 8 အသစ်ကို သင့်ရဲ့ ကွန်ပျုတာမှာ သူ့အလို လို တင်ယူနေပါလိမ့်မယ်။ အချိန် အနည်း
ငယ်တော့ ကြာပါမယ် စောင့်နေလိုက်ပါ။

ကွန်ပျူတာ အလုပ် လုပ်နေတုန်းမှာ ဘာမှ ဆက်လုပ်စရာ မလိုပါ။ အထူးသဖြင့် DVD နဲ့ တင်ယူ
တာ ဆိုရင် အခွေကို ထုတ်ယူ မိတာမျိုး မလုပ်မိ ပါစေနှင့်။ တကယ်လို့ ခွေကို ထုတ်လိုက် မိရင်
တော့ အဲဒီ Windows တင်ယူမဲ့ File များ ဟာ ပြတ်စဲပြီး နောက် တစ်ခါ ထပ်တင်လို့ မရ ဖြစ်နေ
တတ် ပါတယ်၊ ကွန်ပျူတာရဲ့ မှတ်ညဏ်က အံ့သြဖို့ ကောင်း ပါတယ်။ ကွန်ပြူတာကို အားသွင်း
ပေးထားပါ။



အပေါ်ကမြင်နေရတဲ့ ပုံလေးကတော့ Windows 8 File တွေကို မိမိ ကွန်ပျူတာရဲ့ Hard Dirve သို့
စတင် ကူးယူနေတာ ဖြစ်ပါတယ်။



အားလုံးပြီးရင် ကွန်ပျူတာက သူ့အလိုလို Restart ကျသွား ပါလိမ်မယ်။



Restart ကျပြီးလို့ ပြန်တက်လာတဲ့ အခါ အပေါ်က ပုံလေးအတိုင်း မြင်နေရပါလိမ့်မယ်။
ဘာမှ လုပ်စရာ မလိုပါ နောက်တစ်ကြိမ် Restart ကျသွားပါလိမ့်မယ်။



Getting Device ready ဆိုပြီး အဝိုင်းလေး လည်ပြီး တက်လာပါလိမ့်မယ် ရာခိုင်နှုန်း 0% to
100% အထိ သွားမှာ ဖြစ်ပါတယ်။



ဒီအဆင့်မှာလည်း ဘာမှ လုပ်စရာမလိုသေးပါ 100% ပြည့်ပြီးလို့ Restart ကျသွားပြီး ပြန်တက်
လာတဲ့ အခါ အောက်က ပုံအတိုင်း မြင်နေရပါလိမ့်မယ်။



အပေါ်က ပုံအတိုင်း မြင်နေရ ရင်တော့ Express setting နေရာလေးပါ၊
Customize ဆိုတာကို ရွေးပေးလိုက်ပါ။



အပေါ်က ပုံလေးအတိုင်း မြင်နေရပြီး ရင်တော့ Windows theme ဆိုင်ရာကို ရောက်လာပါပြီ။ မိမိ
ကွန်ပျူတာမှာ အသုံးပြု လိုတဲ့ Lock Screen ရဲ့ ကာလကို ရွေးပေးရမှာ ဖြစ်ပါတယ်

ကိုယ်ကြိုက်နှစ်သက်ရာ ကာလာကို တစ်ချက် နှိပ်ပြီးရွေးပေးလိုက်ပါ။ ပြီးရင်တော့ PC name နေ
ရာမှာ နာမည်တစ်ခုခု ရေးပေးလိုက်ပါ။ အားလုံးပြီးပြီ ဆိုရင် Next ကို နှိပ်ပေးလိုက်ပါ။



အပေါ်ကပုံ အတိုင်း အဆင့်တွေ ရောက်လာပြီး ရင်တော့ Email Address တစ်ခုခု ထည့်ပေးပါ။
ပြီးတော့ Next ကို နှိပ်ပေး လိုက်ပါ။



Sing in to your PC ဆိုပြီး အပေါ်က ပုံအတိုင်း မြင်နေရရင်တော့ ဒီနေရာမှာ အဆင့် နှစ်ခု ရှိပါ
တယ်။ ကွန်ပျူတာကို Sing in လုပ်ဖို့ရန် Microsoft account ဆိုင်ရာ ပြီးတော့ Lcal account
ဆိုင်ရာ ဆိုပြီး တွေ့ပါလိမ်မယ်။

တကယ်လို့ မိမိမှာ Microsoft Account အသင့်ရှိနေခဲ့ရင် Microsoft Account ဆိုတာကို နှိပ်ပြီး
Sing in လုပ်လိုက် ရုံပါဘဲ။

အခု ကျွန်တော် ပြောပြမှာက Local account ဆိုင်ရာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့
ကျွန်တော်အပါအဝင် Windows 8 ကိုစတင် အသုံးပြုကြသူ ညီအကိုတွေမှာ Microsoft Account
အသင့်ရှိ မနေတာရယ် ပြီးတော့ ကျွန်တော်တို့ အတွက် Microsoft Account က အသုံးနည်းသေး
တာရယ်ကြောင့် Microsoft Account ဆိုင်ရာကို ပြောပြတော့ဘဲ Local account ဆိုင်ရာနဲ့ Sing
in လုပ်ပုံကို ရှင်းပြသွားမှာဖြစ်ပါတယ်။

Local account ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။



ဒီအဆင့်ကို ရောက်လာခဲ့ ပြီးရင်တော့ User name နေရာမှာ မိမိနာမည်ကို ရေးလိုပါက ရေးပေး
လိုက်ပါ သို့မဟုတ် ဘာနာမည် ရေးရေး ရပါတယ်။

Password နေရာမှာလည်း မိမိကွန်ပြူတာကို တခြားသူတွေ အသုံးမပြုစေချင်ရင်တော့ မိမိကြိုက်
ရာ Password တစ်ခုခု ထည့်ပေးလိုက်ပါ။ ပြီးတော့ Re-enter နေရာမှာ ပေါ်မှာ ထည့်ထားတဲ့Pass
word ကိုဘဲ ထပ်မံ ထည့်ပေး လိုက်ပါ။ Password hint နေရာမှာ အပေါ်က Password နဲ့ မတူတာ
တစ်ခုခုကို ရေးပေးလိုက်ပါ ပြီးရင် Finish ကို နှိပ်ပေးလိုက်ပြီး Sing in လုပ်လိုက်ပါ။

Password ထားပြီး အသုံးမပြုချင်ရင်တော့ User name ဘဲ ရေးပြီး Finish ကို နှိပ်ပေးလိုက်ပါ။



အပေါ်က မြင်နေရတဲ့ ပုံကတော့ Local account နဲ့ Sing in လုပ်ထားတာမို့ Windows တင်တဲ့
ကိစ္စ ပြီးစီးပြီ ဖြစ်ကြောင်း ပြနေတာပါ အောက်က ပုံတွေကို ဆက်ကြည့်လိုက်ပါ။



အပေါ်မှာ မြင်နေရတဲ့ စာတန်းလေး တွေကတော့ Windows 8 ဆိုင်ရာ message လေးကို ပြနေ
တာ ဖြစ်ပါတယ်။




အပေါ်က မြင်နေရတဲ့ ပုံတွေ ကတော့ Lock Screen လေးပါ Windows ကို ဝင်ရောက် အသုံးပြုဖို့ရန်
အသင့် ဖြစ်နေပါပြီ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...