About
ဇော်ဝင်း (IT)
ကျွန်တော်ဆိုက်မှနည်းပညာများမှာဆရာများထံမှကူးယူဖော်ပြထားတဲ့အတွက်မှားတာလေးများပါရင်ခွင့်လွတ်ပေးပါ၊ကောင်းတာလေးများပါ ရင်လဲ တဆင့်ကူယူဖော်ပြနိုင်ပါတယ်....
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပျူတာနည်းပညာ. Show all posts
Tuesday, March 1, 2016
Hard Drive တွေကို Partition ခွဲလိုပေါင်းလိုသူများအတွက် နည်းပညာ
 ကျွန်တော် zawwin ယူလာသည့် ဆိုက်အား   သည်မှာ လေ့လာနိုင်ပါတယ်။
Hard Drive တွေကို Partition ခွဲလိုပေါင်းလိုသူများအတွက် နည်းပညာ မျှ ဝေခြင်းဖြစ်ပါတယ် ကျနော့ ဆိုဒ်မှာတင်သမျှ တွေဟာ ကိုယ်တိုင်လက်တွေ့ လုပ်ကိုင်ပြီးတင်ထားတာဖြစ်ပါတယ်။ သင့် အနေနဲ့  ဒီနည်းကို စတင်တော့မယ်ဆိုရင် သင့်ကွန်ပျူ တာရဲ့ Start Menu ကို Click နှိပ်ပြီး My Computer ပေါ်မှာ Right Click နှိပ်လိုက်ပါ ဒီအဆင့်အတွက်ပုံကိုအောက်ပါပုံမှာကြည့်ပါ။
 ပေါ်လာမဲ့ Pop-Up Menu ထဲမှာ Manage ကိုရှာပြီးဖွင့်လိုက်ပါ ဒီအခါမှာ Application Windows လေးပေါ်လာမှာဖြစ်ပါတယ် ဒီ Windows ရဲ့နာမည်က Computer Management ဖြစ်ပါတယ်။
 အထက်ပါပုံကိုကြည့်အပါ ဒီ Computer Management ထဲက Disk Management ကို Click တစ်ချက်နှိပ်ပြီးဖွင့်ပါ အောက်ပါပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ် 
Disk Management Tool
Windows တွေရဲ့ Version တွေမတူတာကြောင့်ပေါ်လာတဲ့ ပုံတွေမတူလို့  မျက်စိလယ်မသွားရလေအောင် အောက်မှာပုံတစ်ပုံထပ် တင်ပေးလိုက်ပါတယ်။ 
ဒီပုံထဲမှာတော့ Partition က သုံးပိုင်းတောင် ပါနေပါတယ် သင့်ကွန်ပျူ တာထဲမှာတော့ နှစ်ပိုင်းလဲဖြစ်နိုင်တယ် တူတော့ မတူဘူးပေါ့ဗျာ တူရင်လဲတူမယ် အရေးကြီးတာက လုပ်နည်းလေးသာ ဖြစ်ပါတယ်။
ဒီတော့ အထက်ပါပုံအရ သင့်အနေနဲ့ Partition (E) ကိုဖျက်လိုတယ်ဆိုပါစို့  သင့် အဲဒီ Partition (E) နေရာမှာ Right Click နှိပ်လိုက်ပါ Pop-Up Menu လေးကျလာမှာဖြစ်ပါတယ် အောက်ပါပုံအတိုင်းဖြစ်ပါတယ်
Disk Management Menu
ဒီပုံထဲက Delete Partition.. နေရာကို Click နှိပ်ပေးလိုက်ပါ Windows 7 Home မှာကြတော့ Delete Volume.. လို့ ပေးထားလို့ အောက်ပါပုံကိုပါတင်ပေးလိုပ်ပါတယ်။ ဒီတော့ Delete Partition.. ဖြစ်ဖြစ် Delete Volume.. ဖြစ်ဖြစ်အတူတူဆိုတာကို သိထားအောင်အောက်ပါပုံကိုတင်ပေးလိုက်ပါတယ်။
ဒီနေရာမှာခုလို Delete နှိပ်လိုက်ရင် အောက်ပါပုံပေါ်လာမှာဖြစ်ပါတယ်
 ပုံထဲကအတိုင်း OK ကိုနှိပ်ပြီးဖျက်လိုက်ပါ။ ဒီလိုဖျက်လိုက်တဲ့အခါမှာ သင့်ကွန်ပျူ တာမှာ Partition (E) ဟာပြောက်သွားမှာဖြစ်ပါတယ် My Computer ထဲဝင်ကြည့်တဲ့အခါမှာ Partition (E) မရှိတော့တာတွေ့ ရမှာဖြစ်ပါတယ် ဒီတော့ ဒီ Partition (E) ကိုပြန်ဖေါ်ပေးရမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့်ပါ ဖျက်လိုပ်တဲ့ Partition (E) နေရာမှာ Unallocated ရေးပြထားပြီး (E) လို့ ရေးပြထားတာကို မတွေ့ ရတော့ပါဘူး ပုံထဲမှာ မျဉ်းစောင်းတွေနဲ့ 231GB လို့ ရေးပြထားပါတယ် ဒါကိုပြန်မဖေါ်ထားရင် GB တွေဆုံးရှံးပါတယ် ဒီတော့ ဒါကိုပြန်ဖေါ်ပေးဖို့ လိုပါတယ်။ ဒါကိုပြန်ဖေါ်ရန် သင်ဖျက်လိုပ်တဲ့ Partition (E) နေရာမှာ Right-Click နှိပ်ပေးလိုက်ရင် အောက်ပါပုံလိုတွေ့ ရပါမယ် New Simple Volume နေရာကို Click နှိပ်ပေးလိုက်ပါ။
New Simple Volume ကိုနှိပ်လိုက်ပြီးရင်အောက်ပါပုံများအဆင့်ဆင့်ကျ လာမှာဖြစ်ပါတယ် အားလုံးကို Next များအဆင့်ဆင့်နှိပ်ပြီး Finish ကိုရောက်တဲ့အထိ Next များကို နှိပ်သွားပါ။
 ဒီနေရာမှာ သူ့ မူရင်း Partition (E) ရဲ့ Volume ပြန်ပေါ်လာပြီးဖြင့်လို့ သင့်ရဲ့ လုပ်ဆောင်မှု အောင်မြင်သွားပါပြီ ဒီနည်း Partition တွေထဲမှာခိုနေအောင်းနေတဲ့ Virus တွေမလိုအပ်တဲ့ Software တွေကို ကိုယ်တိုင်ဘယ်လို့ မှာရှာမရတော့တဲ့အခါဖျက်ပြစ်တဲ့နည်းလဲဖြစ်တယ်ဆိုတာ  မှတ်ထားစေလိုပါတယ် ကဲ့သင့်ရဲ့ My Computer ကိုဖွင့်ကြည့်မယ်ဆိုရင်တော့ အောက်ပါပုံလို Partition (E) ကိုအသစ်စက်စက် အဖြင့်ပြန်တွေ့ ရမှာဖြစ်ပါတယ်။ 
 ကျနော်ဟာ မလေးရှာမှာ ကျွန်ခံလုပ်ကိုင်စားသောင်နေထိုင်နေပေမဲ့ မြန်မာပြည်ကြီးကို ချစ်တဲ့စိတ်ကတော့ ယနေ့ နိုင်ငံရေးသမားတွေထက် တစ်စက်လေးမှမရော့သွားပါဘူး။ ကို့ ထမင်းကိုစားပြီး မြန်မာပြည်သူ တွေကို ပညာမျှဝေနေတာ ကျနော့စေတနာအစစ်တွေကြောင့် ကိုယ်တိုင်လဲ ဥာဏ်စဉ်အမြင့်သို့ သာ တက်လှမ်းပရစေသား။
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD xချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း
ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
 ကော်ပီဝင်းဒိုးပဲ ဖြစ်ဖြစ်၊ Original Windows ဖြစ်ဖြစ် ဒီနည်းကို အသုံးပြုလို့ ရပါတယ်..။ အဓိကက ဝင်းဒိုးထဲမှာ Driver တွေအားလုံး အလုပ်လုပ်နိုင်တဲ့အချိန်၊ ပြည့်စုံတဲ့အချိန်မှ ဒီနည်းကို လုပ်ထားပါ..။
DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်ဖို့ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ.. အရင်ဆုံး Start ကနေသွားပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..
နောက်တဆင့်ကို ရောက်ရင်တော့ A-B အတိုင်း DVD Drive ရှိတဲ့ နေရာကို ရွေးပြီး Next နှိပ်ပါ.. 
အောက်ကအဆင့်ကို ရောက်ရင် ဝင်းဒိုးက အမှန်ခြစ် ရွေးပေးထားတဲ့အတိုင်းသာ ထားလိုက်ပါ..။ ဆက်ပြီး Next နှိပ်သွားလိုက်ပါ..
အပေါ်ပုံအတိုင်း Start backup ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. အဲ့ဒီအချိန်မှာ မိမိတို့စက်ထဲက DVD Drive ကိုဖွင့်ပြီး DVD အသစ်တချပ်ကို အရင်ထည့်ပေးထားပါ.. ဒီနည်းကို လုပ်တော့မယ်ဆို ကတည်းက DVD ခွေသစ်ကိုအရင်ထည့်ထားရင် ပိုကောင်းပါတယ်.. နောက်တခုက DVD ခွေတွေ Burn ပြီးတိုင်း.. အခွေတွေပေါ်မှာ တချပ် Burn ပြီးတိုင်း၊ Burn ပြီးတိုင်း 1-2-3-4-5 အစဉ်လိုက် ရေးမှတ်ထားဖို့ အထူးသတိပြုပါ.. Restore ပြန်လုပ်တဲ့အခါ အဲ့ဒီ နံပါတ်စဉ်တိုင်း ထည့်ပေးရမှာပါ..။
 အောက်ကပုံကတော့ ပထမဆုံးစလုပ်တဲ့ အခွေကို နံပါတ်တစ်အဖြစ် ရေးမှတ်ထားဖို့ ကွန်ပျူတာ သတိပေးတာပါ..။
DVD ခွေသစ်ကို ထည့်ပြီး စက္ကန့်၃၀ လောက်ကြာမှ အပေါ်ပုံမှာ ပြထားတဲ့ OK ကိုနှိပ်ပါ.. မိမိတို့စက်က DVD ခွေ Burn နေတာကို ၁၀မိနစ်ကျော်ကြာအောင် စောင့်နေပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဘောက်စ်တခုပေါ်လာရင် DVD ခွေကို နောက်တချပ် လဲထည့်ပေးလိုက်ပါ.. အဲ့လိုလဲထည့်ပေးဖို့ Desktop မှ Computer ကိုဖွင့်ထားပြီး အောက်ကပုံ မျှားပြထားတဲ့အတိုင်း  DVD Drive ကို တချက်ကလစ်ပြီး Eject ကိုဆက်နှိပ်လိုက်ရင် ကွန်ပျူတာက  DVD Drive ကိုထုတ်ပေးပါလိမ့်မယ်.. အဲ့လိုထုတ်ပေးမှ DVD ခွေသစ်တချပ်ကို လဲထည့်ပေးပါ..
အောက်ကပုံကတော့ ဘားတန်းက Eject ကိုမနှိပ်ပဲ DVD Drive ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ စာသားထဲက Eject ကိုကလစ်လိုက်ရင်လည်း အတူတူပဲ ကွန်ပျူတာက  DVD Drive ကို ထုတ်ပေးပါတယ်.. 
DVD ခွေသစ်မထည့် ရသေးပဲ OK မနှိပ်မိဖို့ သတိပြုပါ.. အောက်ကပုံကတော့ DVD သုံးချပ်မြောက်ကို ထည့်ပြီး အဲ့ဒီအခွေပေါ်မှာ မိမိတို့ သင်္ကေတနဲ့ သုံးခုမြောက်ဆိုတာကို မှတ်မိအောင် ရေးမှတ်ထားပါလို့ ဆိုလိုတာပါ.. ၂ ချပ်မြောက်အခွေက ပြီးသွားပါပြီ.. အောက်မှာပြထားတဲ့ပုံက ၃ချပ်မြောက်ခွေကို Burn ဖို့ ပေါ်လာတဲ့စာသားပါ..။
အခွေသစ်လဲထည့်ပေးပြီး အနည်းငယ်စောင့်နေပြီးမှ အောက်မှာပြထားတဲ့ ပုံအတိုင်း OK ကိုနှိပ်ပေးပါ.. ဘာလို့စောင်းခိုင်းတာလဲဆိုတော့ ကွန်ပျူတာအတွက် အခွေသစ်ကို နေရာချ ပြင်ဆင်ဖို့အတွက် စက္ကန့်ပိုင်းလောက် အချိန်ပေး၊ စောင့်ပေးပြီး ကွန်ပျူတာက အခွေ Burn ဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ OK ပ်ပေးလိုက်ရင် ကွန်ပျူတာအတွက် အဆင်ပြေပြေ အလုပ်လုပ်လို့ ရအောင်လို့ပါ..။
အောက်ကပုံတွေတိုင်း အလုပ်လုပ်နေပါလိမ့်မယ်.. စောင့်နေပေးပါ..
အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ DVD နောက်တချပ်ကို အပေါ်ကနည်းအတိုင်း ထပ်လဲထည့်ပေးလိုက်ပါ.. DVD လဲထည့်ပြီးမှ အောက်ကပုံမှာ ပြထားတဲ့ OK ကိုဆက်နှိပ်ပေးပါ.. အောက်ကပုံမှာ ၄ ချပ်မြောက်ဖြစ်သွားပါပြီ..
 အောက်ကပုံကတော့ နောက်ဆုံးတချပ်ကို Burn နေတာပါ..။ Burn လို့ပြီးသွားရင်တော့ အောက်ဆုံးပုံအတိုင်း ပေါ်လာပါလိမ့်မယ်..
 ဝင်းဒိုးတခုလုံးကို DVD တွေနဲ့ Burn ပြီးလို့ရှိရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်.. အဲ့ဒါကတော့ System Repair Disc ဆက်လုပ်ထားဖို့ ကွန်ပျူတာက သတိပေး တိုက်တွန်းတဲ့ စာသားဘောက်စ်ပါပဲ.. ဒီနေရာမှာ System Repair Disc မလုပ်ရသေးတဲ့ သူများကတော့ CD ပဲဖြစ်ဖြစ်၊ DVD နဲ့ပဲဖြစ်ဖြစ် ထဲထည့်ပြီး တခါတည်း ဆက်လုပ်ထားလိုက်ပါ.. ဒီ System Repair Disc က ဝင်းဒိုးတွေအတွက် အရေးကြီးပါတယ်.. အရင် ဝင်းဒိုး Recovery ပိုစ့်တွေမှာကတည်းက  System Repair Disc လုပ်ထားဖို့ အမြဲသတိပေးခဲ့ပါတယ်..။ လုပ်မယ့်သူများကတော့ Yes ကိုနှိပ်ပြီး ဆက်လုပ်ပါ.. System Repair Disc လုပ်တာ အခွေထည့်ပြီး Yes >> OK ပေးလိုက်ယုံပဲ.. လုပ်ရတာ လွယ်တဲ့အတွက် ပုံတွေနဲ့ မပြပေးတော့ပါဘူး.. 
 ဝင်းဒိုးတခုလုံးကို DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်နည်း ဒီမှာတင်ပြီးသွားပါပြီ..  (ဒီအခွေတွေကို ဗူးလေးတခုနဲ့ မပျက်စီးအောင် သေချာဂရုတစိုက် သိမ်းထားဖို့တော့ လိုအပ်ပါတယ်..) သိမ်းထားပြီးသား DVD ချပ်တွေထဲက Windows Image Backup File ပြန်ထည့်နည်းကို နောက်ပိုင်း ပိုစ့်တင်ပေးပါမည်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ နည်းပညာ၊ အတတ်ပညာများ တိုးတက်ပြီး မသိသေး၊ မတတ်သေးတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအား ပြန်လည်မျှဝေ၊ သင်ကြားပေးနိုင်ကြပါစေ.. 
 home http://thesupernaturalmyanmar.blogspot.com/p/76.html
Windows 7 မှာဖြစ်တပ်တဲ့ This Copy Of Windows is Not Genuine ကိုဖြေရှင်းနည်း
windows 7 is not genuine  
Windows 7
Build 7600
This Copy Of Windows Is Not Genuine 
ဆိုတဲ့ ရေစာလေး Microsoft ကကပ်ပေးလိုက်တာ လစဉ်နည်းပါးဖြစ်နေတယ် ပြီခဲ့တဲ့ လက သူ့ PC ကို Windows ပြန်တင်ပေးတာ တစ်လ တစ်ကြိမ်နှုံးလောက်ကြနေတော့ ဒီတစ်ခေါက် Windows ပြန်မတင်ပေးတော့ ဘဲ အဲဒီရေစာလေးကို ဖျက်တဲ့ နည်းလေးရှာ ပြီး စမ်းလိုက်တာ အောင်မြင်သွားတာကြောင့် ဒီအကြောင်းကို Post အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။  ဒီနည်းကိုသုံးဘို့ အတွက် အောက်မှာရှင်းပြပေးထားတာလေးတွေကိုသာ သေချာ
ဖတ်ပြီးလိုက်လုပ်ပေးသွား ရုံသာဖြစ်ပါတယ် အားလုံးအဆင့် ငါးဆင့်ပေးထားပါတယ်။
ဒီနည်းကို စလုပ်တော့မယ်ဆိုရင် 
Step 1
ပထမအဆင့်အနေနဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူရမှာဖြစ်ပါတယ် ဒီလိုခေါ်ယူဘို့ ရန် Start Menu ကိုသွားပြီး Search ထဲကနေ CMD လို့ ရိုက်သွင်းပါ ဒီအခါမှာအောက်ပါပုံထဲကလို cmd သို့ မဟုပ် cmd.exe ဆိုတာကိုတွေ့ ရပါမယ်။ အဲဒီ CMD အပေါ်မှာ Right Click နှိပ်ပေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ CMD နေရာကို မျှားအနီနဲ့ ပြပေးထားပါတယ်။
Start Menu
ဒီအခါမှာ Pop-Up Dialog Box လေးကပ်ပြီးပေါ်လာမှာဖြစ်ပါတယ် ဒီ Dialog Box ထဲကိုကြည့်ပါ Run as administrator ဆိုတဲ့စာကိုတွေ့ ရမှာဖြစ်ပါတယ် ဒီနေရာကိုတော့ မျှား အနက်ရောင်နဲ့ ပြပေးထားပါတယ် ကလစ်နှိပ်ပြီးဖွင့်ပေးပါ။ ဒီအခါမှာတော့ အောက်ကပုံထဲကလို CMD Command Prompt ပွင့်လာမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့် ပါ။ 
windows 7 is not genuine
Step 2
ဒုတိယ အဆင့်အနေနဲ့  အဲဒီ CMD Box ထဲမှာ SLMGR -REARM ဆိုတာလေးဘဲ ရိုက်ထဲ့ပေးရမှာဖြစ်ပါတယ် ဒီလို ရိုက်ထဲ့တဲ့အခါမှာ အရေးကြီးတာက SLMGR ကိုရိုက်ပြီးရင် Space တစ်ချက်ခြားပေးပြီးမှ -REARM ကိုရိုက်ပေးရမှာဖြစ်ပါတယ် အထက်ကပုံကိုသေခြာကြည့်ပါ မျ ဉ်း အနီရောင်နဲ့ သေခြာတားပြပေးထားပါတယ်။
Step 3
တတိယ အဆင့်ကတော့ SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးပြီးသွားရင် Keyboard က Enter ကိုခေါက်ပေးလိုက်ရုံပါ။
Step 4
စတုတ္ထ အဆင့်မှာတော့ သင် SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးလိုက်တယ်ဆိုရင် သင့်ရဲ့လုပ်ဆောင်မှု အောင်မြင်တာကိုပြပေးတဲ့ အောက်ပါပုံကိုတွေ့ ရမှာဖြစ်ပါတယ်
windows 7 is not genuine
Step 5
ပဉ္စမ အဆင့်ကတော့ သင့်ရဲ့ PC သို့ မဟုပ် Laptop ကို Restart ပြန်ချပေးလိုက်ရုံလေးပါဘဲ အထက်က ပုံမှာလဲ သင့်စက် ကို Restart လုပ်ဖို့ ရေးပေးထားပါတယ် ဒီတော့ OK ပေးပြီးထွက်လိုက်ပါ ဒီနေရမှာ တစ်ခုသတိထားရမှာကတော့ CMD Command Prompt ထဲမှာ EXIT လို့ ရိုက်ပေးပြီး Enter ခေါက်ပြီး ပြန်ပိတ်ပေးလိုက်ပါ ပြီးမှ သာ Restart ပြန်ချပေးလိုက်ပါ။
ကဲ ကျနော့ ဆိုဒ် ထဲ မျက်စိလည်လမ်းမှားပြီး ရောက်လာကြသော မိတ်ဆွေများ ကျနော့ စာအရေးသားကိုနားမလည်လို့  ရှိရင် အောက်ပါ Video လေးကိုလဲ လေ့လာကြပါ ပြီးရင် သူ့ မူရင်း Link ကိုလဲ ထဲ့ပေးထားလိုက်ပါတယ်ဗျာ။
home  http://thesupernaturalmyanmar.blogspot.com/2015/02/windows-7-this-copy-of-windows-is-not.html#more
Saturday, November 14, 2015
Windows shortcuts ကီးများ
shortcut များသုံးခြင်းဖြင့်အလုပ်လုပ်တဲ့နေရာမှာလွယ်ကူလျှင်မြန်ပြီး ထိရောက်ပါတယ်။အောက်မှာအသုံးဝင်မယ့် shortcuts တွေကိုမိတ်ဆွေ သူငယ်ချင်းများအတွက် ရေးထားပါတယ်။ကဲ လေ့လာလိုက်ပါအုံး
Windows key + Break = System properties
Windows key + F = Search
Windows key + D = Hide/Display all windows
Windows key + E = My Computer
Windows key + R = Run menu
Windows key + F1 = Open Windows Help
Windows key + Tab = Cycle through the Taskbar buttons
Windows key + Up = Maximize current normal windows
Windows key + Down = Minimize current window
Windows key + Right = Docks current window to right
Windows key + Left = Docks current window to left
ALT + Tab = Switch between windows
ALT + Enter = Properties of the selected file
CTRL + Shift + Esc = Task Manager
CTRL + A = Select all
CTRL + C = Copy
CTRL + X = Cut
CTRL + V = Paste
CTRL + Z = Undo
CTRL + S = Save
CTRL + F = Find/Search
Type the following commands in Run (Windows Key + R)
diskmgmt.msc = Disk Management
devmgmt.msc = Device Manager
msinfo32 = System Information
cleanmgr = Disk Cleanup
ntbackup = Backup or Restore Wizard (Windows Backup Utility)
mmc = Microsoft Management Console
excel = Microsoft Excel (If Installed)
msaccess = Microsoft Access (If Installed)
powerpnt = Microsoft PowerPoint (If Installed)
winword = Microsoft Word (If Installed)
frontpg = Microsoft FrontPage (If Installed)
notepad = Notepad
wordpad = WordPad
calc = Calculator
msmsgs = Windows Messenger
mspaint = Microsoft Paint
wmplayer = Windows Media Player
rstrui = System Restore
waol = America Online
control = Opens the Control Panel
control printers = Opens the Printers Dialog
cmd = Command Prompt
iexplore = Internet Explorer
compmgmt.msc = Computer Management
dhcpmgmt.msc = DHCP Management
dnsmgmt.msc = DNS Management
services.msc = Services
eventvwr = Event Viewer
dsa.msc = Active Directory Users and Computers
dssite.msc = Active Directory Sites and Services
Credit-KB
Related Posts Plugin for WordPress, Blogger...