About

Saturday, August 15, 2015

Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း


Winrar Software ကိုအသုံးပြုပြီး ဖိုင်ခွဲနည်း-ဆက်နည်း
==============================
မင်္ဂလာပါကျွန်တော်ဒီနေ့အကိုကြီး ဘလော့ခရီးသည် ဆီကနေပြီးတော့ကူးယူလာပါတယ်။သူငယ်ချင်းတို့လည်းလုပ်ကြည့်ကြပေါ့နော်။
ကျွန်တော် သည်နေ့ရေးဖြစ်တဲ့ နည်းပညာအကြောင်းအရာတစ်ခုကတော့ Softwar ပိုင်းဆိုင်ရာ သိသင့်တဲ့အကြောင်းအရာလေးတစ်ရပ်ဘဲ ဖြစ်ပါတယ်.. ဒါကတော့ ကျွန်တော်တို့ ဆော့ဝဲလ်တွေ ဆိုဒ်အရမ်းကြီးနေတဲ့အခါမှာ ပြန်လည် မျှဝေဖို့ အရမ်းအခက်ခဲဖြစ်စေပါတယ် Upload တင်တဲ့နေရာမှာရော Downlaod ယူသူတွေအတွက်ပါ အခက်ခဲဖြစ်စေပါတယ်.. ဖိုင်ဆိုဒ်အရမ်းကြီးနေတဲ့အခါ အင်တာနက်လိုင်းအခြေအနေအရ ဒေါ်င်းရတာအဆင်မပြေကြပါဘူး ဒေါင်းနေရင်းလည်း တစ်ခါတရံမှာ တ၀က်တပျက်နဲ့ ပြုတ်ကျတတ်တဲ့ အခါတွေလည်းကြုံဘူးကြမှာဖြစ်ပါတယ်... ဒါကြောင့်
သည်အခက်အခဲံတွေကို အဆင်ပြေစွာ တင်ပေးနိုင်ပြီး အဆင်ပြေစွာ ဒေါင်းယူနိုင်ဖို့အတွက်
ကျွန်တော်တို့ winrar software ကိုအသုံးပြုကာ.. ဖိုင်တွေကို ခွဲခြမ်းစိတ်ဖြာကြမယ်.. ပေါင်းဆည်းကြမယ် ဆိုတဲ့ နည်းလမ်းလေးတစ်ခုကို ကျွန်တော် သိသလောက် ပြန်လည် မျှဝေခြင်ပါတယ်..
သည်နည်းလမ်းလေးကို တခြားသော နည်းပညာရှင်တွေလည်း ဘလော့ဆိုဒ်တွေပေါ်မှာ တင်ပြထားတာကို
လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်.. ဒါကတော့ နည်းပညာဆောင်းပါးအနေနဲ့ ထပ်မံမျှဝေခြင်းဖြစ်ပါတယ်။
ကျွန်နော် သည်နည်းလမ်းလေးကို 5.07 GB ရှိတဲ့ Window9 ISO အခွေလေးကို 1GB. 5ပိုင်းခွဲပြပေးမှာဖြစ်ပါတယ်ဗျာ.. အောက်မှာ ပုံလေးတွေနဲ့တစ်ကွ ရှင်းပြထားပါတယ်။
WINRAR ဆော့ဝဲလ်ကိုတော့ ကွန်ပျူတာ သုံးပြုသူတိုင်း ရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်..ဒါကြောင့်
အဲဆော့ဝဲလ်လေးကိုအခြေခံပြီး ရှင်းပြထားတာဖြစ်ပါတယ်..အောက်မှာ ဘယ်လိုခွဲကြမယ် ပေါင်းကြမယ်ဆိုတာကို လေ့လာလိုက်ပါ
အခုမိမိခွဲ ချင်တဲ့ဖိုင်လေးပေါ်မှာ ညာကလစ် ပြီးရင် Add to Archive ကို ကလစ်လိုက်ပါ။
 အနီရောင်ဝိုင်းပြထားတဲ့ နေရာမှာ ကိုယ်ခွဲမဲ့ ဖိုင်ဆိုဒ် ဘယ်လောက်ရှိလဲ ဘယ်နှစ်ပိုင်းပိုင်းမလဲ ဆိုတာကို တွက်ပြီး B,KB,MB,GB စသဖြင့်ရှိတဲ့ အတိုင်းအတာလိုက် ရွေးပေးလိုက်ပါနော် ကျနော်က 5.07 ရှိတဲ့ ISO အခွေကို 5-ပိုင်း ပိုင်းမှာဆိုတော့ Split to volumes, Size နေရာမှာ 1 ဘေးက GB  ထားပေးလိုက်ပါတယ်.. ကိုယ်ဖိုင်ဘာအမျိုးစားထားမလဲ RAR .RAR5. ZIP  ကြိုက်ရာတခုခှုမှာမှတ်ထားပေးပြီး Ok ကိုနှိပ်ပြီးဆက်သွားပါ
Pressword နဲ့ထားချင်ရင်လဲ  Set Pressword မှာထည့်ပေးလို့ရပါတယ်
ဖိုင်ဆိုဒ်အရွယ်အစား အပေါ်မူတည်ပြီး  အချိန်အနှေးအမြန် ကွာပါတယ်
 အပေါ်ကပုံလေးက 5.07 GB ရှိတဲ့ ဖိုင်ကို 1 GB ခွဲပြီးရလာတဲ့ ပုံလေးပါ။
အပိုင်းခွဲ ပြီးသာတွေ အင်တာနက်မှာ အပိုင်းပိုင်းတင်ထားတာတွေ ဖိုင်ပြန်ဆက်တဲ့အခါ နံပါတ် ( ၇ ) ပုံလေးလို  Part.1 ကိုညာကလစ်ထောက်ပြီး  Extract Here   နဲ့ ပြန်ဖြည်ယူရမှာဖြစ်ပါတယ်။ တကယ်လို့ Part.1 Part.2 အမည်မပေးထားလဲ အပိုင်းအားလုံးကိုရွေးပေးပြီး Extract Here   နဲ့ ပြန်ဖြည်လဲရပါတယ်။
ဖိုင်ခွဲ ဖိုင်ဆက်နည်းက တော့ဒီလောက်ပါဘဲ အားလုံးအဆင်ပြေ ကြပါစေဗျာ..

PDF  စာအုပ်အဖြစ် ဒေါင်းယူလိုပါက

Download  Pdf Here

ဆက်လက်ကြိုးစားနေပါအုံးမယ်..
ဘလော့ခရီးသည် ( မျှဝေသူ )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...